ချောင်းဆုံမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ချောင်းဆုံ နိုဝင်ဘာ ၂၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် (၃၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် စာစီစာကုံးပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားကို “ငြိမ်းချမ်းပါစေမြန်မာပြည်” တေးသရုပ်ဖော်အကဖြင့် ဖွင့်လှစ်ခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်မျိုးနိုင်က အမှာစကားပြောကြားကာ ရွှေကျွန်းသာ လူမှုကွန်ယက်အဖွဲ့ ဒုတိယဥက္ကဋ္ဌက အပြည်ဆိုင်ရာကလေးများနေ့အထိမ်းအမှတ် ပြုလုပ်ရခြင်းအကြောင်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ကို ပြောကြားသည်။

ထိုနောက် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ်  မြို့နယ်ဆင့်စာစီစာကုံးပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများချီးမြှင့်ပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများမှ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)