ချောင်းဆုံမြို့နယ်တွင် (၃၃)ကြိမ်မြောက် မြို့နယ်အဆင့်ဌာနပေါင်းစုံ ဝန်ထမ်းမိသားစု စုပေါင်းဘုံကထိန်အလှူတော် စည်ကားသိုက်မြိုက်စွာပြုလုပ်

ချောင်းဆုံ နိုဝင်ဘာ ၂၃

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် နှစ်စဉ်အစဉ်အလာမပျက်ပြုလုပ်ခဲ့သည့် (၃၃)ကြိမ်မြောက် မြို့နယ်အဆင့် ဌာနပေါင်းစုံဝန်ထမ်းမိသားစု စုပေါင်းဘုံကထိန်အလှူတော်ပွဲကို ယနေ့နံနက်ပိုင်းက ချောင်းဆုံအနောက်ရပ်ကွက် တကူကနာမရမ်း ကျောင်းတိုက်တွင် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့သည်။

စုပေါင်းဘုံကထိန်ပွဲတွင် မြို့နယ်သံဃာ့နာယက(ဥက္ကဋ္ဌ) မရမ်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်များမှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း၊ အဆုံးအမဩဝါဒ တရားတော်မြတ်နာယူကာ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အဆိုပါ (၃၃)ကြိမ်မြောက် ချောင်းဆုံမြို့နယ် ဌာနပေါင်းစုံ ဝန်ထမ်းမိသားစု စုပေါင်းဘုံကထိန် ငွေပဒေသာပင်မှ ကျပ်(၅၈)သိန်းကျော်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ရရှိ လှူဒါန်းနိုင်ခဲ့ကြောင်းနှင့် ကထိန်အလှူတော်မင်္ဂလာပွဲကို စည်ကားသိုက်မြိုက်စွာပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)