ပေါင် ဇန်နဝါရီ ၂၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တကျေးရွာရှိ ဆင်းရဲနွမ်းပါးသည့်နေအိမ်များ သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်သည့် နေအိမ်များဖြစ်စေရန်အတွက် အိုးအိမ်များအားဖြည့်ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများကို ဇန်နဝါရီလ(၁၉)ရက်နေ့မှယနေ့အထိ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မွန်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းပြီး နွေဦးကာလနှင့်မိုးကြိုကာလရာသီပြောင်းချိန်တွင် မုန်တိုင်းဘေးနှင့်သဘာဝဘေးအန္တရာယ်များ ကျရောက်လေ့ရှိသဖြင့် ရပ်ကွက်/ကျေးရွာများအတွင်း ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများ၊ အိုမင်းမစွမ်းအိမ်ထောင်စုများ၏ နေအိမ်များကို သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှံးမှု နည်းနိုင်သမျှ နည်းပါးစေရန် ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်စုရှိ ဇာကတွန်ရွာတွင် နေအိမ်(၁၀၀)၊ ဝါရီရူရွာတွင် နေအိမ်(၁၀၀)အား သွပ်နန်းကြိုးများ တုပ်ဆိုင်းပေးခြင်း၊ ကျားကန်ထောင်မတ်ပေးခြင်း၊ ဝါးထရံ၊ ဓနိ၊ သက်ကယ်များ အသုံးပြုပြီး အားဖြည့်ပြင်ဆင်မွမ်းမံမှုများကို ပြုလုပ်မည်ဖြစ်ပါကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)