ကျိုက်ထိုမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရထောက်ပံ့ပေးခြင်းများ ဆောင်ရွက်

ကျိုက်ထို ဇန်နဝါရီ  ၂၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရထောက်ပံ့ပေးခြင်းကို ယနေ့နံနက်ပိုင်းက  ကျိုက်ထိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်သန်းသန်းစိုးနှင့်အဖွဲ့ဝင်များ၊ ကြက်‌ခြေနီတပ်ဖွဲ့ဝင်များက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခြေခံအစားအစာများကို ထောက်ပံ့ပေးအပ်ပြီး မြို့နယ်ဆရာဝန်ကြီးဒေါက်တာခွန်မောင်အိုးနှင့် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သွေးတိုး၊ ဆီးချိုစသည့် ကျန်းမာရေးဆိုင်ရာရောဂါများကိုစစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်း၊ ဆေးဝါးများအခမဲ့ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည်များကိုစစ်‌ဆေး၍ ကျန်းမာရေးအသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့သည်။     အဆိုပါအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု‌ပေးခြင်းနှင့် အာဟာရထောက်ပံ့ပေးခြင်းအား ဇန်နဝါရီ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်ထို(ပြန်/ဆက်)