ပေါင် ဇန်နဝါရီ ၂၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ယစ်မျိုးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များအား ကြော်ငြာခြင်းမပြုလုပ်ရန် ရှင်းလင်းပြောကြားခြင်းကို ယမန်နေ့ညနေပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ထိုရှင်းလင်းပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မျိုးလှိုင်က ပေါင်မြို့နယ်အတွင်း ယစ်မျိုးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်များအား နိုင်ငံပိုင်သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်၊ Social Media များတွင် အရက်၊ ဘီယာ၊ ဝိုင်များကို ကြော်ငြာခြင်း၊ ရောင်းချခြင်းမပြုလုပ်ရန်နှင့် စိစစ်တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းခဲ့သည်။
မွန်မလေး (ပြန်/ဆက်)