ပေါင် ဇန်နဝါရီ ၂၃
ပေါင်မြို့နယ်၌ ငွေကြေးခဝါချမှုနှင့်ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ကျွမ်းကျင်သင်တန်းနှင့်စပ်လျဉ်း၍ ထပ်မံရှင်းလင်းပွဲကို ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှင်းလင်းပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်က ယခုတက်ရောက်ခဲ့သည့်သင်တန်းနှင့်စပ်လျဉ်း၍ Offsite Questionnaires ဖြေကြားချက်များအပေါ် ဆုံးရှုံးနိုင်ခြေအန္တရာယ်အကဲဖြတ်အမှတ်ပေးတွက်ချက်ခြင်းအား အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအပြင် အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းလုပ်ငန်းတို့၌ များစွာအရေးပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ထိုရှင်းလင်းပွဲကို အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ (၃) ဦး၊ အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းလုပ်ငန်းမှ (၁၅) ဦး စုစုပေါင်း (၁၈) ဦးတက်ရောက်ခဲ့ပါကြောင်း သိရသည်။
မွန်မလေး