(၇၇) နှစ်မြောက် ပြည်ထောင်စု နေ့အထိမ်းအမှတ်အကြို ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

ကျိုက်မရော ဖေဖော်ဝါရီ ၁၀

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် (၇၇နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဖူဆယ်အားကစားပြိုင်ပွဲကို ယမန်နေ့နံနက်က ကျိုက်မရောမြို့နယ် မြို့မအားကစားကွင်းရှိ ဖူဆယ်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အလွတ်တန်း လူငယ်ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အ..က (ကျိုက်မရော)၊ ..က (ခွဲ) ကျိုက်မရောနှင့် အ...က (အထရံ) ကျောင်းတို့မှ အသက် (၁၅) နှစ်အောက် ကျောင်းသားများက အသင်းလိုက် ယှဥ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ပြိုင်ပွဲဝင်ဖူဆယ်အားကစား​အသင်းများအား ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုဝင်းထံမှ  သိရသည်။

မြို့နယ်(ပြန်/ဆက်)