ချောင်းဆုံ ဖေဖော်ဝါရီ ၉
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ပြည်သူများဝယ်ယူသုံးစွဲနေသည့် ဆေးနှင့် ဆေးပစ္စည်းများအား ဆေးပစ္စည်းအရောင်းဆိုင်များအနေဖြင့် ရောင်းချရာတွင် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များသို့ စစ်ဆေးခြင်းကို မော်လမြိုင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းကာ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးအရောင်းဆိုင်များအနေဖြင့် ဆေးနှင့် ဆေးပစ္စည်းများကို ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်းများ မရှိစေရန်၊ ဈေးကွက်အတွင်း ရောင်းချနေသည့် ဆေးဝါးများတွင် သတ်မှတ်ရက်ထက် ကျော်လွန်ခြင်းမရှိစေရန်နှင့် စားသုံးသူပြည်သူများ စရိတ်သက်သာစွာ ဝယ်ယူအသုံးပြုနိုင်၍ ဘေးဥပါဒ်မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန် စသည်တို့ကို စစ်ဆေး၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)