မုဒုံ ဧပြီ ၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အား စဥ်ဆက်မပြတ် ပုံမှန်ရရှိစေရန်အတွက် ယနေ့နံနက်ပိုင်းက ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို မြို့တွင်းလမ်းတစ်လျှောက်၌ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လုပ်ငန်းများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ လျှပ်စစ်အင်ဂျင်နီယာ ဦးဝေလင်းက ကြီးကြပ်၍ ဝန်ထမ်းများက ဓာတ်အားခွဲရုံးသို့ သွယ်တန်းထားသည့် ( 33 kv ) ဓာတ်အားလိုင်း၊ မြို့တွင်းနှင့်ကျေးရွာများသို့ ဖြန့်ဝေသွယ်တန်းထားသည့် ( 11 kv )ဓာတ်အားလိုင်းများတစ်လျှောက်ရှိ လိုအပ်သော နေရာများတွင် ဓာတ်ကြိုးအသစ်များ၊ ဓာတ်တိုင်နှင့် မီးလုံးအသစ်များ လဲလှယ်တပ်ဆင်ခြင်း၊ ဓာတ်တိုင်များ ပြိုလဲခြင်းမရှိစေရန် စစ်ဆေးခြင်း၊ ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသော သစ်ပင်အကိုင်းအခက်များ ခုတ်ထွင်းရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သည်။
ယခုအခါ ပွင့်လင်းရာသီချိန်တွင် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး လျှပ်စစ်ဓာတ်အားများ ပုံမှန်ရရှိစေရေးနှင့် သဘာဝဒဏ်များကြောင့် ဓာတ်အားလိုင်းများ ပြတ်တောက်မှု မရှိစေရေးအတွက် ကြိုပမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးက တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)