ကျိုက်ထို မေ ၂၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း စိန်ပန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း ရွှေဥဩမှ ကျောင်းသား/သူလေးများက “ဘက်စုံပညာကိုရည်တို့လှမ်းချီ” တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုရဲမှူးကြီး စန်းနိုင်ဦး၊ ခရိုင်ပညာရေးမှူး ဦးခိုင်ထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးမောင်ညိုက ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ အခမဲ့ပညာရေးနှင့် ပညာရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး အခမဲ့ ထောက်ပံ့ပေးသော ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများနှင့် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးဆုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ခဲ့ကြသည်။
ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက "မြန်မာ့ကျောင်း" တေးသီချင်း သီဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)