မိုင်းခွဲဖျက်ဆီးခံရသည့် မစောတံတားယာယီပြင်ဆင်နေမှုပြီးစီး၍ ယာဉ်ငယ်များ စတင်ဖြတ်သန်းခွင့်ပြု

ဘီးလင်း မေ ၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကလေးကျေးရွာအနီးရှိ တံတားအမှတ် (၁/၁၃၀) မစောတံတားအား မေလ ၂၃ ရက်နေ့တွင် KNUနှင့်အကြမ်း ဖက်PDF အဖွဲ့မှ မိုင်းခွဲဖျက်ဆီးခံရသည့်အတွက် မော်တော်ယာဥ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိဘဲ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ခြင်းများ ဖြစ်ပေါခဲ့သည်။

အဆိုပါ ဖောက်ခွဲဖျက်စီးခြင်းခံရသည့်တံတားမှ ကျိုးကျပျက်စီးခြင်းမရှိဘဲကျန်ရှိနေသည့် (၈)ပေခန့် အကျယ် တံတားဘက်ခြမ်းအား ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီ၊ လမ်းပြုပြင်ရေးတာဝန်ခံ ဦးကျော်စွာ ဦးစီးသည့်အဖွဲ့မှ ပျဉ်ချပ်များခင်း၍ ပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ယနေ့ မေ ၂၅ ရက် နေ့လယ် ၁၂ နာရီချိန်တွင် ပြီးစီးခဲ့သည့်အတွက် ၁၂ နာရီ ၃၀ မိနစ်အချိန်မှစ၍ ဘီးလင်းဘက်မှ သထုံမြို့ဘက်သို့(၁)တန်အောက် အိမ်စီးယာဉ်ငယ်များစတင်ဖြတ်သန်းလျက်ရှိကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)