ကျိုက်ထို မေ ၂၄
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းကို အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်၍ တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့မှစတင်၍ လျှောက်လွှာခေါ်ယူလျက်ရှိကြောင်း သိရသည်။
ယင်းသို့ လျှေက်ထားရာတွင်လျှောက်လွှာနှင့်အတူ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်မူရင်း၊ သက်ဆိုင်ရာကျောင်းအုပ်ကြီး၏ (၂၀၂၂ -၂၀၂၃)၊ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင် အခြေခံပညာအလယ်တန်းအဆင့် (Grade.9) အောင်မြင်ကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာကျောင်းအုပ်ကြီး၏ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင် (Grade.10) အောင်မြင်ကြောင်း (သို့မဟုတ်) ကျရှုံးကြောင်း(သို့မဟုတ်) ရပ်နားထားကြောင်းထောက်ခံချက်၊ လျှေက်ထားသူ၏အမည်ပါရှိသော အိမ်ထောင်စုစာရင်း(မိတ္တူ)နှင့် တိုက်ဆိုင်စစ်ဆေးနိုင်ရန်(မူရင်း)၊ သက်ဆိုင်ရာနယ်မြေရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်မူရင်းနှင့် ပတ်စပို့အရွယ်ရောင်စုံဓာတ်ပုံ(၃)ပုံတို့နှင့်အတူ လျှောက်ထားနိုင်ပြီး လျှောက်ထားဦးရေ ကျော်လွန်ပါက(Grade.9) တွင်အောင်မြင်ခဲ့သည့် စုစုပေါင်းရမှတ် အများအနည်းအရ စိစစ်ရွေးချယ်ရေးကော်မတီဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)