သထုံမြို့နယ် တံတားဖြူချောင်းအတွင်း ငါးသားပေါက် ကောင်ရေ သုံးသောင်း ငါးမျိုးစိုက်ထည့်
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ငါးသယံဇာတများတိုးပွားပြီး ဒေသတွင်းငါးစားသုံးမှု ဖူလုံရေးအတွက် ယနေ့နံနက်က ငါးလုပ်ငန်းဦးစီးဌာနမှ ကော့သံကျေးရွာရှိ တံတားဖြူချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ သုံးသောင်းကို မျိုးစိုက်ထည့် ပေးခဲ့ကြသည်။