ချောင်းဆုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

ချောင်းဆုံ မေ ၃၀

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ (၃၀) ရက်နေ့ နံနက် (၉) နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)က အဖွင့်အမှာစကား ပြောကြားကာ တာဝန်ခံမြို့နယ်ပညာရေးမှူးက ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ ကျောင်းသား/သူများအား ကျောင်းဝတ်စုံများ၊ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်နှင့် ခဲတံစသည့် အခမဲ့ကျောင်းသုံးပစ္စည်းများအား ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မြို့နယ်အတွင်း အခြေခံပညာမူလတန်းအဆင့် (၁၇၃၄၆)ဦး၊ အလယ်တန်းအဆင့် (၅၅၇၉)ဦးနှင့် အထက်တန်းအဆင့် (၂၅၇၉)ဦး စုစုပေါင်း ကျောင်းသား/သူ (၂၅၅၀၄)ဦး ကျောင်းအပ်လက်ခံနိုင်ရေး လျာထားဆောင်ရွက်ခဲ့ကြောင်း ယနေ့အထိ ကျောင်းသား/သူ (၂၃၃၅၆)ဦး လာရောက်ကျောင်းအပ်နှံခဲ့ပြီးဖြစ်၍ လျာထားချက်၏ (၉၂.၀၂)ရာခိုင်နှုန်း ကျောင်းအပ်နှံခဲ့ပြီးဖြစ်ကြောင်းနှင့် ဇွန်(၂)ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း  မြို့နယ်ပညာရေးမှူးရုံး မှသိရသည်။

မြို့နယ်(ပြန်/ဆက်)