သံဖြူဇရပ် မေ ၃၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးနှင့် စာရေးများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းရေးများကို အပတ်စဥ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရန်၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများရှိနေ၍ အခြေခံပညာကျောင်းများအားလုံး အပတ်စဥ်သောကြာနေ့တိုင်း မိမိတို့ကျောင်းခန်းရှိ ရေအိုးရေခွက်များ၊ ဘုရားညောင်ရေအိုးများရှိ ရေများကိုသွန်ပြီး မှောက်သွားကြစေရေး၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အကြောင်းအရာများကို ချပြရှင်းလင်းခြင်း၊ မိုးစပါးများလျာထားချက်ပြည့်မီရေး၊ သဘာဝဘေးဖြစ်ပေါ်လာပါက အချိန်မီသတင်းပေးပို့နိုင်ရေး၊ လုံခြုံရေးများ အထူးအလေးထားဆောင်ရွက်ရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကဏ္ဍအလိုက်တင်ပြဆွေးနွေးပြောကြားပြီး ၊တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများမှ မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းများကို တင်ပြဆွေးနွေးရာ တာဝန်ရှိသူများမှ ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)