သထုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပ
မွန်ပြည်နယ်၊ သထုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့်တာဝန်ရှိသူများပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက ကျောင်းသားကျောင်းသူများ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြသည်။