သထုံမြို့နယ်၌ စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးပြသခြင်းဆောင်ရွက်
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာ(Seeder) ဖြင့် စိုက်နည်းစနစ်မှန်ကန်ရေး လက်တွေ့အစေ့ချစိုက်ပျိုးပြသခြင်းကို ယနေ့နံနက်က ထိန်ပင်ကျေးရွာတောင်သူတစ်ဦး၏ လယ်ယာမြေ၌ တာဝန်ရှိသူများ ပူးပေါင်းပြုလုပ်ခဲ့ကြသည်။