မွန်ပြည်နယ်

သံဖြူဇရပ်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်က အခြေခံပညာမူလတန်း(အောင်ချမ်းသာ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နေရပ်ပြန်ရန်ခက်ခဲသည့် ကျောင်းသား၊ ကျောင်းသူများအား မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သထုံ)တွင် ပညာသင်ကြားနေကြပြီး အကြောင်းအမျိုးမျိုးကြောင့် မိမိတို့နေရပ်သို့ပြန်ရန် ခက်ခဲနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၄ ခုနှစ်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ပညာသင်စရိတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့၊ မွန်းလွဲ ၄ နာရီအချိန်ခန့်က မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ်တွင် လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မွန်ပြည်နယ်၊  ဘီးလင်းမြို့နယ်တွင် ပန်းခင်းစီမံချက် (၂) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် ကန်သာယာ (၈) ရပ်ကွက် ဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့သည်။

ဘီးလင်းမြို့နယ် အခြေခံပညာမူလတန်းကျောင်း(မြင်သာ)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စားသုံးသူရေးရာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူး‌ပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နေ့လယ်ပိုင်းက ဘီးလင်းမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း၊(မြင်သာ)၌ သွားရောက် ဆောင်ရွက်ခဲ့ကြ‌သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဟိုတယ်အခြေခံဧည့်ကြိုသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားတက်ရောက်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော “ဟိုတယ်အခြေခံ ဧည့်ကြို သင်တန်း” (၁/၂ဝ၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အစိုးရနည်းပညာ အထက်တန်း ကျောင်း (မော်လမြိုင်) ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မွန်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မုဒုံမြို့နယ်၌ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ မိုးစပါးသီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက ညောင်ကုန်း၊ ကမာအုပ်ကျေးရွာနေ တောင်သူများအား ထုတ်ချေးပေးသည်။

ပေါင်မြို့နယ်၌ (၁၀၂)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စား‌ရေးကိရိယာထောက်ပံ့ခြင်းနှင့် အာဟာရတိုက်ကျွေးခြင်း ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာရေးကိရိယာထောက်ပံ့ပေးခြင်းနှင့် အာဟာရများတိုက်ကျွေးခြင်းကို ယနေ့က ကဒုံစီးရပ်ကွက်နှင့်ပေါင်းရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့ အ.မ.က ကော်ခြံကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်ရှိ အ.မ.က(ကော်ခြံ)ကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ချောင်းဆုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာပေမှ အသိပညာဗဟုသုတများ ပိုမိုရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်း မုရစ်ကြီးအရှေ့ (အ.မ.က) ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်