သံဖြူဇရပ်၌ မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြခြင်းနှင့် မျိုးစေ့ချကိရိယာပေးအပ်ပွဲ အခမ်းအနားကျင်းပ

သံဖြူဇရပ် ဇွန် ၂၂

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအုပ်စု၊ တောင်သူတစ်ဦး၏လယ်ယာမြေ၌ မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၇ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းသရုပ်ပြပွဲကို ကွင်းအမှတ်(၉၄၅)၊ ဦးပိုင်အမှတ်(၂၉၅/က)၊ ဧရိယာ(၅)ဧက၊ တောင်သူ‌ ဦးခင်ဇော်၏လယ်မြေ၌ ပေါ်ဆန်းရင်မျိုးစပါးအား  ( Seeder ) မျိုးစေ့ချကိရိယာဖြင့် စပါးမျိုးစေ့ချစိုက်ပျိုးမှုအား ဆောင်ရွက်ခဲ့ကြပြီး၊ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုများမှအုပ်ချုပ်‌ရေးမှူးများနှင့်တောင်သူများတတ်ရောက်ခဲ့ကြသည်။

ထို့နောက် နံနက် ၉ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမတွင် ၂၀၂၄-၂၀၂၅ မိုးစပါးစိုက်ပျိုးရာသီ၊ တောင်သူများ အသုံးပြုရန် ရှစ်တန်းသွား လက်ဆွဲမျိုးစေ့ချ ကိရိယာ(seeder)ပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်က အမှာစကားပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျင်သိန်းက စပါးမျိုးစေ့ချ ကိရိယာ(seeder)နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ တက်ရောက်လာကြသည့်ကျေးရွာ ၁၅ ရွာမှ အုပ်ချုပ်ရေးမှူးများ နှင့် တောင်သူများအား စပါးမျိုးစေ့ချကိရိယာ(seeder) စုစုပေါင်း ၂၀ ခုအား တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)