ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်သတိပြုကာကွယ်ရေး အသိပညာပေးလိုက်လံနှိုးဆော်

သထုံ     ဇူလိုင်    ၁၀

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်များ သတိပြုကာကွယ်နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ ယမန်နေ့မွန်းလွဲပိုင်းက အသံချဲ့စက်ဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြသည်။

အသိပညာပေးနှိုးဆော်ရာတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဖြူ‌ဖြူအေးဦးဆောင်သည့် ဝန်ထမ်းများက သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာ၊ စျေးမသွယ်အထက်ကျေးရွာနှင့် စျေးမသွယ်အောက်ကျေးရွာတို့တွင် ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်ဆိုင်ရာ သတိပြုကြရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူများသိရှိစေရန်အတွက် အသံချဲ့စက်ဖြင့်လိုက်လံနှိုးဆော်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်