မွန်ပြည်နယ်

သထုံမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း၏ အခြေခံလူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းအရ သထုံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံလူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ‌သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသားဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ပေါင်မြို့နယ် Community Centre ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နေ့လယ်(၁၂)နာရီက Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ အခြေခံစားကုန်နှင့် လူသုံးကုန်ပစ္စည်းများပြတ်လပ်မှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အခြေခံစားကုန်၊ အိမ်သုံးဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ စျေးကွက်အတွင်း ပြတ်လပ်မှု ရှိ/ မရှိကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက မြို့မစျေးနှင့် မြို့ပေါ်ကုန်စုံဆိုင်များ၌ ကွင်းဆင်းစစ်ဆေးသည်။

ရေးမြို့နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပ

ရေးမြို့နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ရေးမြို့ ရွှေဆံတော်ဘုရားဓမ္မာရုံ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ရေးမြို့နယ်အတွင်းရှိ ဂိုဏ်းပေါင်းစုံ သံဃာတော်များ မြို့နယ်၊ ရပ်/ကျေးသံဃာနာယကအဖွဲ့ဝင်ဆရာတော်ကြီးများ ကြွရောက်တော်မူခဲ့သည်။

မွန်ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ်၌ စားအုန်းဆီများကို သက်သာ​သောစျေးနှုန်းဖြင့် ပြည်သူများထံရောင်းချပေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏အစီအစဉ်ဖြင့် ( Kaung Hlyan New Asia Co.ltd)မှ  ပြည်သူများထံ သက်သာ‌သောဈေးနှုန်းဖြင့် စားအုန်းဆီများကို ယမန်နေ့ နေ့လယ်ပိုင်းကကန်သာယာရပ်ကွက် ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီးဘေးစျေးဆိုင်ခန်း၌ ရောင်းချပေးခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ သူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ သူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်သစ်လွှဲအပ်ပွဲနှင့် အလှူရှင်များဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်

အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်သစ်လွှဲအပ်ပွဲနှင့် အလှူရှင်များဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း အဆိုပါကျောင်းဆောင်ရှေ့၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကျော်လင်းမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ လူမှုရေးရာဝန်ကြီးဦးစောကြည်နိုင်နှင့် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဦးလှထွန်းတို့က ဦးသာညှင်းကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းဆောင်သစ်ကမ္ဗည်းမော်ကွန်းအား အမွှေးနံသာရည်များ ပတ်ဖျန်းခဲ့ကြသည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ် ထိန်းသိမ်းနိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာပါဝင်လာစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဖံဖကျေးရွာအုပ်စု၊ ကော့ကဒဲ့ကုန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ် ရသေ့တောင်ကျေးရွာ(ဓမ္မင်းဆိပ်) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်သော မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ အကောင်အထည်ဖေါ်ဆောင်ရွက်သည့် ရသေ့တောင်ကျေးရွာ(ဓမ္မင်းဆိပ်) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၁၀နာရီအချိန်က အဆိုပါလမ်းသစ်၌ ပြုလုပ်ကျင်းပရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရသေ့တောင်မြစိမ်းရောင်(ငါးကဏ္ဍ)ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်