မွန်ပြည်နယ်

သထုံခရိုင် ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယနေ့မွန်းလွဲပိုင်းက သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စွမ်းရည်ပြိုင်ပွဲများတို့ကို ပြုလုပ်ခဲ့ကြ‌သည်။

ကျိုက်ထိုမြို့နယ်၌ အသိပညာပေးဟောပြောပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် သစ်တောဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့် ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အခြေခံလျှပ်စစ် House Wiring And Appliance သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

မွန်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေး လုပ်ငန်းဆပ်ကော်မတီမှ ဖွင့်လှစ်သည့် အခြေခံလျှပ်စစ် House Wiring And Appliance သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ စမ်းကြီးရပ်၊ လူငယ်သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်သည်။

သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်က သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

သထုံမြို့နယ်တွင် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)၌ ပြည်သူများ ဥပုသ်သီလဆောက်တည်ခြင်း၊ ကုသိုလ်ဒါနပြုလုပ်ခြင်းတို့ဖြင့် စည်ကား

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဘုရားစေတီများ၊ ကျောင်းကန်ပုထိုးများတွင် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)၌ ဗုဒ္ဓဘာသာဝင် ပြည်သူများ အေးချမ်းစွာ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ကုသိုလ်ဒါန ပြုလုပ်ခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဝါဆိုလပြည့်နေ့တွင် မုဒုံမြို့ရှိ ဘုရားစေတီများ၌ ကုသိုလ်ဒါနပြုလုပ်သူများဖြင့် စည်ကား

ဝါဆိုလပြည့်(ဓမ္မစကြာနေ့)တွင် မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဘုရားစေတီကျောင်းကန်များ၌ ဥပုသ်သီလဆောက်တည်သူများ ကုသိုလ်ဒါနပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။

ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့၌ ကျိုက်မရောမြို့ ရှိဘုရားကျောင်းကန်များ၌ ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကား

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ အထွက်အမြတ်ထားရာ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၌ သမိုင်းဝင်တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဆုတောင်းပြည့်ဘုရားကြီးနှင့် ဘုန်းကြီးကျောင်းများ၌ ဝါဆိုလပြည့်နေ့အခါသမယ၌ ဝါဆိုသင်္ကန်းဆက်ကပ်သူများ၊ အလှူဒါနပြုသူများ၊ ဥပုသ်သီလဆောက်တည်ကြသူများဖြင့်  အထူးစည်ကားများပြားလျက်ရှိသည်။

ရေးမြို့၌ မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇတ်တိုက် လေ့ကျင့်

မွန်ပြည်နယ်၊ ရေးမြို့နယ် မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ရေးမြို့ မြကန်သာကျုံးတွင် ကျင်းပပြုလုပ်ရာ နယ်မြေတပ်နယ်မှူး ဗိုလ်မှူးကြီး ကောင်းဇော်မြင့် တက်ရောက် အမှာစကားပြောကြားသည်။

သထုံမြို့၊ သုဝဏ္ဏဘူမိဆုတောင်းပြည့်နှီးဘုရားကြီး၌ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့ရှိ သုဝဏ္ဏဘူမိဆုတောင်းပြည့်နှီးဘုရားကြီးတွင် မြသပိတ်စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီးများနှင့် ဗုဒ္ဓဝေယျာဝစ္စကာရီသံဃာတော်များအား ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် မြသပိတ်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့စုပေါင်းကာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်