သထုံ ဇူလိုင် ၂၀
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဘုရားစေတီများ၊ ကျောင်းကန်ပုထိုးများတွင် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)၌ ဗုဒ္ဓဘာသာဝင် ပြည်သူများ အေးချမ်းစွာ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ကုသိုလ်ဒါန ပြုလုပ်ခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) နံနက်ပိုင်းမှ စတင်ကာ သထုံမြို့၏ ကျက်သရေဆောင်လေးဆူဓာတ်စံ ရွှေစာရံစေတီမြတ်ကြီးအပါအဝင် မြို့နယ်အတွင်းထင်ရှားသည့် စေတီပုထိုးများ၌ ပြည်သူများ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူခြင်း၊ ဝါတွင်းတရားဓမ္မသဘင်များ ဆင်ယင်ကျင်းပခြင်း၊ ရပ်ကွက်/ကျေးရွာတို့ရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလ ဆောက်တည်ကာ တရားဘာဝနာပွားများခြင်း၊ ဝါဆိုသင်္ကန်းများ လှူဒါန်းခြင်း၊ နဝကမ္မအလှူငွေ၊ လှူဖွယ်ပစ္စည်း၊ စသည်ဖြင့် ဆက်ကပ်လှူဒါန်းကြခြင်းတို့ကို အေးချမ်းပျော်ရွှင်စွာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)