သံဖြူဇရပ်မြို့နယ်တွင် တိရစ္ဆာန်အစာအဖြစ် ကောက်ရိုးချဉ်ဖတ်ပြုလုပ်နည်း လက်တွေ့သရုပ်ပြသ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပေါများစေရန် ကောက်ရိုးချဉ်ဖတ်ပြုလုပ်နည်းသရုပ်ပြသပွဲကို ယမန်နေ့နံနက်ပိုင်းက ကျုံကဒတ်ကျေးရွာဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။