သထုံမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်‌ဆေးခြင်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ်

သထုံ   ဇူလိုင်   ၂၉

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရန် အပတ်စဉ်‌ကျန်းမာရေးစစ်‌ဆေးခြင်း၊ အသိပညာပေးခြင်းတို့ကို လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ဇရစ်ချောင်ကျေးရွာအုပ်စု(အလံတရာလေသာ)အခြေခံပညာ မူလတန်းကျောင်း၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။

လိုက်လံဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးမှူး ဦးကျော်စွာမြင့်က ဝမ်းပျက်ဝမ်း‌လျှောရောဂါ သတိပြုကာကွယ်ရေးနှင့် မဖြစ်ပွားအောင်ဂရုပြုနေထိုင်ရမည့်အချက်များ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၏ အကျိုးကျေးဇူးများ၊ လက်ဆေးခြင်း လက်ကိုသန့်ရှင်းစင်ကြယ်စွာထားရှိခြင်း၏ အကျိုးကျေးဇူးများ၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားအောင် သတိပြုရမည့်အချက်များတို့ကို အသိပညာပေးဆွေးနွေး‌ဟောပြောပြီး ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ ၃၀၀ ကျော်တို့၏ နား၊ မျက်စိ၊ ခံတွင်းနှင့် သွား၊ ခြေသည်းလက်သည်းများကို တစ်ဦးချင်းစစ်ဆေးပေးခဲ့ကြကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)