မွန်ပြည်နယ်

ပေါင်မြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်လူငယ်စကားဝိုင်း ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀) နာရီက ပေါင်မြို့နယ် အ.ထ.က (ခွဲ)ပန်းကုန်းမွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာထုတ်ပေးခြင်းနှင့် စားသုံးဆီများအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေကို ယနေ့မှစ၍ ထုတ်ပေးလျက်ရှိရာ နေ့စဥ်နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထုတ်ပေးလျက်ရှိသည်။

မော်လမြိုင်မြို့နယ်၌ “ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား” ဆိုင်းဘုတ်ပိုစတာဖွင့်ပွဲပြုလုပ်

မော်လမြိုင်မြို့နယ်၌ အမှတ်(၉)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့(မော်လမြိုင်)မှ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား” ဆောင်ပုဒ်နှင့် Hot line ဖုန်းနံပါတ်များပါဝင်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဆောင်ပုဒ်ပိုစတာ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။

မွန်ပြည်နယ် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကျင်းပ

မွန်ပြည်နယ် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယ​​နေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ သင်တန်းနည်းပြ(၄)ဦးနှင့် မွန်ပြည်နယ်အတွင်း ခရိုင်(၄)ခရိုင်မှ သင်တန်းသား ဆရာ/ဆရာမ (၁၂)ဦး တက်ရောက်ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်လူနာများ ခွဲစိတ်ကုသခြင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအပေါ် ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် မွန်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများနှင့် ကုသရေးဦးစီးဌာနနှင့် MOU လက်မှတ်ရေးထိုးထားသော Japan Heart အဖွဲ့သည် Dai-ichi life Insurance နှင့်ပူးပေါင်း၍ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာခင်မောင်(သွားကျန်းမာ)မှဦးစီး၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ လွိုင်လင်မြို့ပြည်သူ့ဆေးရုံကြီးတို့မှ သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီးများက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ မေးရိုးနှင့်ခံတွင်းခွဲစိတ်ဆောင်တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များအား အခမဲ့ခွဲစိတ်ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ကြပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များအား အခမဲ့စမ်းသပ်ခြင်း၊ အခမဲ့ခွဲစိတ်ကုသပေးခြင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

ဘီးလင်းမြို့နယ်တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်  အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက္ခမီမြို့ မြို့မစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာ ဗဟုသုတတိုးပွားစေရေးအတွက် ရပ်ကွက်ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျိုက္ခမီမြို့ မြို့မစာကြည့်တိုက်၌ စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မုဒုံမြို့၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့တွင် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက အ.ထ.က(ကွေ့ဝမ်း)စာသင်ကျောင်းရှိ နဝရတ်ခန်းမ၌ ပြုလုပ်သည်။

ပေါင်မြို့နယ်၌ (Mobile Library) စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

 မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက အ.ထ.က(ကော့ကရင်)၌ ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်