သံဖြူဇရပ် သြဂုတ် ၂၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေကို ယနေ့မှစ၍ ထုတ်ပေးလျက်ရှိရာ နေ့စဥ်နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထုတ်ပေးလျက်ရှိသည်။
နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေးရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် လိုအပ်သည့်အထောက်အထားများဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါက ပင်စင်လစာထုတ်ယူရာတွင်အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှတာဝန်ခံများက စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများအား အလှည့်ကျစနစ်ဖြင့်ထုတ်ပေးခြင်း၊ အသက်အရွယ်ကြီးရင့်သူများ အခက်အခဲမရှိစေရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပြီး ထို့ပြင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စားသုံးဆီများကို သြဂုတ် ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၃ ရက်တိုင်တိုင် စျေးနှုန်းသက်သာစွာဖြင့် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် စားသုံးဆီတစ်ဘူး ၄၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။
သံဖြူဇရပ်မြို့နယ်တွင် အငြိမ်းစားဦးရေ ၁၆၀၀ ခန့်ရှိပြီး တစ်နေ့လျှင် ၂၅၀ ဦးခန့် ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)