မွန်ပြည်နယ်

ပေါင်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့‌နံနက်ပိုင်းက (အ.ထ.က) ပေါင်ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ (၃၈) ဖြာ မင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်းအထောက်အကူပြု ကလေးအထူးတရားပွဲ ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ ပညာရေးထူးချွန်ပြီး လိမ္မာယဉ်ကျေးသော လူကောင်းလူတော်များ ပေါ်ပေါက်လာစေရန်အတွက် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၊ ဟိတဓရဖောင်ဒေးရှင်းနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ(၃၈)ဖြာ မင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်းအထောက်အကူပြု ကလေးအထူးတရားပွဲကို ယနေ့ ချောင်းဆုံမြို့နယ် ကွမ်သဲ(အ.ထ.က)ကျောင်းနှင့် ချောင်းဆုံ (အ.ထ.က)ကျောင်းတို့တွင် ကျင်းပသည်။

မုဒုံမြို့၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့တွင် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံ နက် ၁၀ နာရီက အ.ထ.က(ကော့ပရံ)စာသင်ကျောင်းခန်းမ၌ ပြုလုပ်သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်း

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့မှ ၂ဝ ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို ယနေ့ နံနက် (၈) နာရီက မွန်ပြည်နယ် တရားလွှတ်တော်အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

မုဒုံမြို့၌ စားသောက်ကုန်ပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် စားသောက်ကုန်ပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ရွှေဟင်္သာစျေးကြီး၌ ကွင်းဆင်းစစ်ဆေးသည်။

မုဒုံမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ယာဥ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ကို ယနေ့နံနက်ပိုင်းက လူစည်ကားရာ ကန်ကြီးမီးပွိုင့်၌ ဖြန့်ဝေသည်။

ချောင်းဆုံမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပလတ်စတစ်ညစ်ညမ်းခြင်းအ‌ကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် သက္ကောအခြေခံပညာ အထက်တန်းကျောင်းနှင့် ကလော့ကနိုင်း အခြေခံပညာမူလတန်းကျောင်းတို့တွင် ယမန်နေ့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပလပ်စတစ်ညစ်ညမ်းခြင်းအ‌ကြောင်း အသိပညာပေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် ပညာရေးနယ်မြေ (၁၇) မှ မိုးရာသီဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပညာရေးနယ်မြေ (၁၇) ရှိ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျိုက်ထိုမြို့နယ် ဖက္ကလိပ် အောင်ဆန်းအားကစားကွင်း၌ ကျင်းပခဲ့သည်။

သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။

ကျိုက်မရော၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ၊ ပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို သိရှိလိုက်နာတတ်စေရန်ရည်ရွယ်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ပညာရေးဌာနတို့ပူးပေါင်း၍  ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.ကခွဲ(ကျိုက်မရော)ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်