မွန်ပြည်နယ်

မွန်ပြည်နယ်အတွင်း အခြေခံပညာစာသင်ကျောင်းများ ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မွန်ပြည်နယ်အတွင်းသန့်ရှင်း၍ စိမ်းလန်းစိုပြည်သော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး အတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ ကျောင်းဝင်းအတွင်းနင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊  အမှိုက်များအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်ပေးခဲ့ကြသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၂/၂ဝ၂၄) ဖွင့်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်ဥပဒေချုပ်ရုံးနှင့် မော်လမြိုင်ပညာရေးဒီဂရီကောလိပ်တို့ပူးပေါင်းကျင်းပသည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၂/၂ဝ၂၄)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ (၃၈)ဖြာမင်္ဂလာနှင့်ယဉ်ကျေးလိမ္မာသင်တန်းအထောက်အကူပြု အထူးတရားပွဲများကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသားလူငယ်များ ပညာရေးထူးချွန်ပြီး လိမ္မာယဉ်ကျေးသော လူကောင်းလူတော်များ ပေါ်ပေါက်လာစေရန်အတွက် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၊ ဟိတဓရဖောင်ဒေးရှင်းနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများအား (၃၈)ဖြာ မင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်း အထောက်အကူပြု အထူးတရားပွဲကို ယမန်နေ့ချောင်းဆုံ (အ.ထ.က)ကျောင်းသီရိရတနာခန်းမတွင် ကျင်းပကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ Mpox မျောက်ကျောက်ရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် Mpox မျောက်ကျောက်ရောဂါကာကွယ်ရေး အသိပညာပေး ဆွေးနွေးတင်ပြခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥက္ကဋ္ဌ) နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့သည်။

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များရောင်းချပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များရောင်းချပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ်၌ မျောက်ကျောက်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြော

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် Mpox(မျောက်ကျောက်)ရောဂါနှင့်ပတ်သက်၍ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (၁)ကျောင်းရှိ ရှင်အရဟံခန်းမ၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနား တက်ရောက်

ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းသွေးလှူဒါန်းပေးကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေချုပ်ရုံး ဝန်ထမ်း(၂၄)ဦးအား မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်ကြီးများ၊ သူနာပြုဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများမှ သွေးလှူဒါန်းကြသူများအား ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် စုပေါင်းသွေးလှူဒါန်းခြင်းအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်တွင် Mpox မျောက်ကျောက်ရောဂါကာကွယ်ရေးအသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် Mpox မျောက်ကျောက်ရောဂါကာကွယ်ရေး အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် ပြည်သူ့ဈေးရှေ့တွင် ဆောင်ရွက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံကိန်းဦးစီးဌာနရုံးသို့သွားရောက်၍ ငှားရမ်းပေးခဲ့သည်။

သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ "လင်းရောင်နီဦး" စာကြည့်တိုက် ရှင်သန်ခိုင်မာဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်ရှိ "လင်းရောင်နီဦး" စာကြည့်တိုက် ရှင်သန်ခိုင်မာ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်