မွန်ပြည်နယ်

ချောင်းဆုံမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဆင့်ဆင့်၏ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက အ.ထ.က(ချောင်းဆုံ)ကျောင်း သီရိရတနာခန်းမတွင်ကျင်းပရာ အမှတ်(၆)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ကျောင်းသားလူငယ်များစာဖတ်သည့် အလေ့အထများရှိလာစေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ပညာ့ဗိမာန်)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်၌ ရွှေစင်ရွှေတုံးများနှင့် ရွှေထည်လက်ဝတ်ရတနာများ ရောင်းချခြင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ရွှေစင်ရွှေတုံးများနှင့် ရွှေထည်လက်ဝတ်ရတနာများ ရောင်းချခြင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်စေခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ငွေမိုးဟိုတယ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ရွှေလုပ်ငန်းရှင်အသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရွှေလုပ်ငန်းရှင်များ၊ မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်သည်။

သံဖြူဇရပ်မြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထများရှိလာစေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက သံဖြူဇရပ်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ပညာ့ဗိမာန်) ခန်းမ၌ ကျင်းပပြုလုပ်သည်။

မော်လမြိုင်မြို့တွင် (၁၈) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (၁၈)ကြိမ်မြောက်၊ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မော်လမြိုင်မြို့နယ်၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် ခွေးရူးရောဂါကာကွယ်ရေးပညာပေးဟောပြောပွဲကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်း ကျင်းပခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၈) နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်း အမှတ်စဉ် (၂၄) သင်တန်းဆင်းပွဲ တက်ရောက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မုဒုံ)တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဥ် (၈) နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်းအမှတ်စဥ် (၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက သင်တန်းကျောင်းခန်းမ၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Google Map မြေပုံဖြင့် စာရင်းကောက်ကွက်မြေပုံများအား မြေပြင်တွင်ကောက်ယူနိုင်ရန်သင်ခန်းစာ ဆက်လက်ပို့ချပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊  လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိူင်ရေးအတွက် မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်  သင်တန်းအား ယမန်နေ့အဋ္ဌမမြောက်ရက်အဖြစ် သင်ကြားလျက်ရှိရာ  Google Map​ မြေပုံရှိ စာရင်းစာရင်းကောက်ကွက်မြေပုံများအား မြေပြင်တွင်လက်တွေ့စာရင်း ကောက်ယူနိုင်ရန်အတွက်  သင်ခန်းစာများပို့ချပေးခြင်းကို ယမန်နေ့နံနက်  ၁၀ နာရီက အ.ထ .က(ကျိုက်မရော)ပညာအားမာန်ခန်းမ၌  သင်ကြားပို့ချပေးလျက်ရှိသည်။

ချောင်းဆုံမြို့နယ် မူလတန်းကြိုကျောင်း မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရေး ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်က ချောင်းဆုံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ၌ မီးလောင်ပျက်စီးခဲ့သည့်နေအိမ်များနှင့် ဘေးသင့်ပြည်သူများအား အလှူငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ၌ မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များနှင့်ဘေးသင့်ပြည်သူများအား အလှူငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျိုက်မရောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေဟင်္သာခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေးနေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက်

မွန်ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
Subscribe to မွန်ပြည်နယ်