မော်လမြိုင်မြို့နယ်၌ ရွှေစင်ရွှေတုံးများနှင့် ရွှေထည်လက်ဝတ်ရတနာများ ရောင်းချခြင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ကျင်းပ

မော်လမြိုင် စက်တင်ဘာ  ၂၈

ရွှေစင်ရွှေတုံးများနှင့် ရွှေထည်လက်ဝတ်ရတနာများ ရောင်းချခြင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်စေခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ငွေမိုးဟိုတယ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ရွှေလုပ်ငန်းရှင်အသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရွှေလုပ်ငန်းရှင်များ၊ မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးဂျွန်စိန်ဂီက ၂၀၂၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၅၄/၂၀၂၄) အရရွှေစင်ရွှေတုံးများနှင့် ရွှေထည်လက်ဝတ်ရတနာများ ရောင်းချခြင်းအတွက် ရောင်းရငွေအပေါ်တွင်လည်းကောင်း၊ ပြင်ပမှ တင်သွင်းခြင်းအတွက် ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင်လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ()ရာခိုင်နှုန်း ကျသင့်သည့်ကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ မရှင်းလင်းသည်များကို မေမြန်းခဲ့ကြရာ ပြည်နယ်ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်မင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။.

စည်သူ(ပြန်/ဆက်)