ချောင်းဆုံမြို့နယ် မူလတန်းကြိုကျောင်း မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

ချောင်းဆုံ စက်တင်ဘာ ၂၇

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရေး ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်က ချောင်းဆုံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မွန်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက အဖွင့်အမှာစကားပြောကြားပြီး ဉာဏစွမ်းရည်ပြိုင်ပွဲဖြစ်သည့် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျောင်းသား/သူ (၁၀၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင် ကျောင်းသား/ သူများနှင့် ဆုရကျောင်းသား/ သူများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆုလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)