Google Map မြေပုံဖြင့် စာရင်းကောက်ကွက်မြေပုံများအား မြေပြင်တွင်ကောက်ယူနိုင်ရန်သင်ခန်းစာ ဆက်လက်ပို့ချပေး

ကျိုက်မရော   စက်တင်ဘာ   ၂၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊  လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိူင်ရေးအတွက် မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်  သင်တန်းအား ယမန်နေ့အဋ္ဌမမြောက်ရက်အဖြစ် သင်ကြားလျက်ရှိရာ  Google Map​ မြေပုံရှိ စာရင်းစာရင်းကောက်ကွက်မြေပုံများအား မြေပြင်တွင်လက်တွေ့စာရင်း ကောက်ယူနိုင်ရန်အတွက်  သင်ခန်းစာများပို့ချပေးခြင်းကို ယမန်နေ့နံနက်  ၁၀ နာရီက အ.ထ .က(ကျိုက်မရော)ပညာအားမာန်ခန်းမ၌  သင်ကြားပို့ချပေးလျက်ရှိသည်။

အဆိုပါ သင်ခန်းစာများပို့ချရာတွင် ကျိုက်မရောမြို့နယ် သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးသန့်ဇင်ကြီးကြပ်၍  Google Map မြေပုံ၏ အသုံးပြုပုံအကြောင်း၊ တည်နေရာသတ်မှတ်ခြင်း၊ အိမ်ထောင်စုစာရင်းများအားကောက်ကွက်မြေပုံတွင် စာရင်းအချက်အလက်များစနစ်တကျ တိကျစွာထည့်သွင်းပေးခြင်း၊ သိမ်းဆည်းခြင်းနှင့်စာရင်းများအားပြန်လည်ဆန်းစစ်ခြင်းတို့ကို နည်းပြဆရာ၊ ဆရာမ (၆)ဦး တို့ဖြင့် ပို့ချပေးလျက် ရှိကြောင်းသိရသည်။

ကျိုက်မရောမြို့နယ်တွင် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို စက်တင်ဘာ (၂၈) ရက်နေ့အထိ သန်းခေါင်းစာရင်းအကြောင်းသိကောင်းစရာများ၊ လုပ်ငန်းစဥ်များ၊ လူဦးရေဆိုင်ရာအချက်အလက်များကို  (၁၀) ရက်ကြာ ဆက်လက်သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ချိူမြတ်မြတ်ထွေး(ပြန်/ဆက်)