မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရာဂိမုန်တိုင်း​ရေဘေးဒဏ်သင့်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားတက်ရောက်

ရာဂိမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အသင်းများမှ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မြစေတီပရိယတ္တိစာသင်တိုက်၊ ဓမ္မရုံတော်ကြီး၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မွန်ပြည်နယ်ကလျာဏယုဝအသင်းဝင်များ၊ အလှူရှင်များ တက်ရောက်ခဲ့သည်။

ပေါင်မြို့နယ်၊ အ.ထ.က(နတ်ကြီးချောင်)ကျောင်း၌ မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် အ.ထ.က(နတ်ကြီးချောင်)ကျောင်း၌ မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ရာပြည့်ခန်းမ၌  ပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ ဆီထွက်သီးနှံ (နေကြာ) တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

မွန်ပြည်နယ် မုဒုံမြို့နယ်၌ ဆီထွက်သီးနှံ (နေကြာ) ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ကော့ခပုံကျေးရွာရှိ တောင်သူများနှင့် တာဝန်ရှိသူများက တွေ့ဆုံဆွေးနွေးသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်တွင် အများပြည်သူများ အားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မွန်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

ပေါင်မြို့နယ် Community Centre ခန်းမ၌ စာဖတ်ရှိန်မြင့်တင်ရေးအသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲ(၁) နာရီအချိန်က Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ စာအုပ်၊ စာစောင်များကို အလွယ်တကူ ငှားရမ်းဖတ်ရှု့နိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းများ ကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဆရီ ဂနေ့ရှ် (ခ) မဟာပိန္နဲဘုရားပွဲတော် တက်ရောက် ကြည်ညို

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ဆရီ ဂနေ့ရှ် (ခ) မဟာပိန္နဲဘုရားပွဲတော်ကို စက်တင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းက ကွင်းရပ်ရပ်ကွက်ရှိ ဟိန္ဒူဘုရားကျောင်း၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကာ ဟိန္ဒူဘာသာရေးထုံးစံဖြင့် အဓိဌာန်ပြု ဆုတောင်းခြင်းများ၊ ဝတ်ပြုဆုတောင်းခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကာ ဟိန္ဒူဘုရားကျောင်းဂေါပကအဖွဲ့တို့မှ ဂုဏ်ပြုရွတ်ဖတ် ဆုတောင်းပေးမှုများ ဆောင်ရွက်ပေးခဲ့သည်။

သထုံခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကမာဝက်မြို့၌ (၅၈) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့၌ (၅၈) ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက်ပိုင်းက ဆံတော်ရှင် ကျိုက်ဇယ်ဘုရားရှေ့၌ ပြုလုပ်သည်။

(၄၅)ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာဆွမ်းဆန်တော်လောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၄၅)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယနေ့နံနက် ၁၁ နာရီ ၃၀ က ဆံတော်ရှင်ကန်ကြီးစေတီတော်၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့် ​ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူတက်ရောက်သည်။
Subscribe to မွန်ပြည်နယ်