ချောင်းဆုံမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ချောင်းဆုံ   စက်တင်ဘာ  ၂၈

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဆင့်ဆင့်၏ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက အ.ထ.က(ချောင်းဆုံ)ကျောင်း သီရိရတနာခန်းမတွင်ကျင်းပရာ အမှတ်(၆)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင်  မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများမှ မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက် ခန့်အပ်လွှာများချီးမြှင့်ခဲ့ရာ သင်တန်းသားကိုယ်စားလှယ်များမှ လက်ခံရယူခဲ့ကြသည်။ ယင်းနောက် အမှတ်(၆) တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်းကျောင်းအုပ်ကြီးမှ သင်တန်းသား၊ သင်တန်းသူများနှင့် လုံခြုံရေးတာဝန်ရှိသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့သည်။

အဆိုပါသင်တန်းတွင် စာရင်းစစ်၊ စာရင်းကောက်ဆိုင်ရာအကြောင်းအရာများ၊ သဘောတရားများကို နည်းပြဆရာ၊ ဆရာမ(၃)ဦးတို့က သင်တန်းသား/သူ(၆၂)ဦးတို့အား စက်တင်ဘာ (၁၇)မှ (၂၈) ရက်နေ့အထိ(၁၀)ရက်ကြာ စာတွေ့၊ လက်တွေ့ပို့ချပေးခဲ့ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁)ရက်မှ (၁၅)ရက်နေ့အထိ မြို့နယ်အတွင်းရှိ စာရင်းကောက်ကွက် (၁၇၂) ကွက်တို့ကို Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် စာရင်းကောက်ယူသွားမည် ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)