မွန်ပြည်နယ်

လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၇) အလတ်စားစက်ပြင်အလုပ်ရုံမှ စီစဉ်ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(သထုံ)ကျောင်း ခန်းမ၌ ကျင်းပပြုလုပ်သည်။

ချောင်းဆုံမြို့နယ်၌ ဆောင်းရာသီ ဆီထွက်သီးနှံ (၄၀၅၄) ဧကစိုက်ပျိုးသွားမည်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးကြသည့် တောင်သူများအနေဖြင့် ဒေသတွင်း စာသုံးဆီဖူလုံရန်နှင့် မိသားစု ဝင်ငွေတိုးပွားစေရန်အတွက် လာမည့်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ (၄၀၅၄) ဧက စိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်ပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက ဖွင့်လှစ်သည့်လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကြာအင်းကျေးရွာအုပ်စု အမှတ် (၅၄) စက်မှုလယ်ယာစခန်း၌ ကျင်းပခဲ့သည်။

ကျိုက်မရော၌  ကလေးအလုပ်သမားပပျောက်ရေးနှင့် စားသုံးသူအကာကွယ်ပေးရေးအသိပညာ ပေးဟောပြော

ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာနှင့် စားသုံးရန်မသင့် သော အစားအစာများအကြောင်း ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၄) မူလတန်းကျောင်းရှေ့တွင်ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုအား ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူနေမှုအား ယနေ့နံနက်ပိုင်းက သထုံခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ အမှတ် (၄) လေကြောင်းရန်ကာကွယ်ရေးနှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးကြီးထွန်းလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်း‌အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့မှ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

မော်လမြိုင်မြို့နယ်၌ ဟိုတယ်နှင့်ခရီးသွားကဏ္ဍလုပ်ငန်းခွင်သုံး အင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ကြီးကြပ်၍ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မော်လမြိုင်ဇုန်)တို့ ပူးပေါင်းစီစဉ် ဖွင့်လှစ်သည့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍလုပ်ငန်းခွင်သုံး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ SunShine Hotel ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့် တည်းခိုရိပ်သာအသင်းမှ တာဝန်ရှိသူများ၊ ခရီးလှည့်လည်ရေး လုပ်ငန်းရှင်များ၊ နည်းပြဆရာ/ဆရာမများ၊ သင်တန်းသူ/သားများ တက်ရောက်သည်။

ကျိုက်မရောမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ ကြီးမှူး၍ (၃၈)ဖြာ ယဉ်ကျေးလိမ္မာသင်တန်း (၃/၂၀၂၄) ဖွင့်ပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) မှ ကြီးမှူးကျင်းပသော (၃၈)ဖြာ ယဉ်ကျေးလိမ္မာသင်တန်း (၃/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီက ရန်မျိုးအောင်ရပ်ကွက်ရှိ ရသေ့ကျောင်းတိုက်ရှိ ဓမ္မာရုံ၌ ကျင်းပသည်။

ပေါင်မြို့နယ်၌ တိုင်ထောင်ပဲတောင့်ရှည်များ စျေးကောင်းရရှိ၍ စီးပွားဖြစ်စိုက်ပျိုးလာ

မွန်ပြည်နယ် ပေါင်မြို့နယ်အနီး ဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသများတွင် တိုင်ထောင်ပဲတောင့်ရှည်စိုက် တောင်သူများ စျေးကောင်းရရှိသဖြင့် မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်းရှိ ဘုရား၊ စေတီပုထိုးများ၌ သီးတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့တွင် အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို၊ အပန်းဖြေနေရာများ၌ အများပြည်သူများဖြင့် စည်ကား

သီတင်းကျွတ်လသည် မြန်မာရာသီ(၁၂)လတွင် သတ္တမမြောက်လဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာတရားတော်အား မြတ်စွာဘုရားရှင် ဟောကြားပြီးဆုံးသည့်နေ့ဖြစ်သည့်အတွက် အဘိဓမ္မာအခါတော်နေ့ဖြစ်သည့် အားလျော်စွာ သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် လေးနက်ထူးခြားသည့် နေ့ထူးနေ့မြတ် ရက်တစ်ရက်လည်းဖြစ်သည်။

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် မွန်ပြည်နယ်အတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများနှင့် စည်ကားများပြား

၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာလ ၁၇ ရက်နေ့တွင် မွန်ပြည်နယ်အတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများ ကျင်းပလျက်ရှိပြီး ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများနှင့် စည်ကားများပြားခဲ့သည်။
Subscribe to မွန်ပြည်နယ်