မွန်ပြည်နယ်

သု၀ဏ္ဏ၀တီမြို့၌ (၇၆) ကြိမ်မြောက် သံဃာ့ပဝါရဏာပြုပွဲနှင့် အဘိဓမ္မာအခါတော်နေ့ အခမ်းအနား ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့အတွင်းရှိ ကျောင်းတိုက်အသီးသီးတို့မှ ဂိုဏ်းပေါင်းစုံ သံဃာတော်များ ပဝါရဏာပြုပွဲနှင့် သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ယမန်နေ့နံနက်က ကျိုက္ကော်ရပ်ကွက်၊ ရွှေဘုံသာစေတီကုန်းတော်ပေါ်ရှိ ဓမ္မဝေပုလ္လသိမ်တော်နှင့် ဓမ္မောဒယ သာသနာ့ဗိမာန်တော်တို့၌ ကျင်းပပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်ရှိ စက်စဲကမ်းခြေ၌ အပန်းဖြေရေးကစားသူများဖြင့် အထူးစည်ကားလျက်ရှိ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် စက်စဲကမ်း​ခြေ၌ ယနေ့နံနက်ပိုင်းမှစတင်၍ အပန်းဖြေရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

သထုံမြို့ရှိ သမိုင်းဝင်ရွှေစာရံစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်နေ့၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား

မွန်ပြည်နယ်၊ သထုံမြို့ရှိ သမိုင်းဝင် လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)၌ ကုသိုလ်ဒါနပြုသူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများတို့ဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ချောင်းဆုံမြို့နယ် မုရစ်ကြီးကျေးရွာ၌ စုပေါင်းဘုံကထိန် လှည့်လည်ပူဇော်ပွဲ လာရောက်ကြည့်ရှုသူများဖြင့် စည်ကား

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မုရစ်ကြီးကျေးရွာတွင် ရှေးနှစ်ပေါင်းများစွာကတည်းက ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပခဲ့သည့် ရွာလုံးကျွတ် စုပေါင်းဘုံကထိန် လှည့်လည်ပူဇော်ပွဲကို ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် ယမန်နေ့နေ့လယ်မှ ညနေအထိ မုရစ်ကြီးကျေးရွာတွင် ပဒေသာပင်များအား လှည့်လည်ပူဇော်ခဲ့ရာ ရပ်ဝေးရပ်နီးမှ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သထုံမြို့၌ (၃၂) ကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့မဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်များ စုပေါင်းလောင်းလှူပွဲ ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများ ကြီးမှူး၍ ကျောင်းတိုက်အသီးသီးတို့မှ ဂိုဏ်းပေါင်းစုံ သံဃာတော်များ သံဃာ့မဟာပဝါရဏာပြုပွဲနှင့် ပဝါရဏာပြုသံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ စုပေါင်းလောင်းလှူခြင်းကို သီတင်းကျွတ်လပြည့်‌ (အဘိဓမ္မာအခါတော်နေ့) မွန်းလွဲပိုင်းက လေးဆူဓာတ်စံရွှေစာရံစေတီတော် တောင်ဖက်မုခ်အနီးရှိ ကလျာဏီသိမ်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျိုက္ခမီ ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး သာသနာ့ဗိမာန်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် ​မော်လမြိုင်မြို့နယ်ရှိ ဘုရားစေတီပုထိုးများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ အဘိဓမ္မာအခါတော်နေ့ဖြစ်ပြီး မော်လမြိုင်မြို့နယ်အတွင်းရှိ ဘုရားကျောင်းကန်အသီးသီး၊ ရပ်ကွက်လမ်းများ၌ အဘိဓမ္မာအခါတော်နေ့ပူဇော်ပွဲ၊ ဘုရားရှင်အားဆီးမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာကုသိုလ်ပြုကြသူများဖြင့် အထူးစည်ကားခဲ့ပြီး ယခုကဲ့သို့ ဝါလကင်းလွတ်သီတင်းကျွတ်ကာလတွင် ခရီးသွားပြည်သူများနှင့်ဒေသခံအပေါင်းတို့က မိသားစုအလိုက်လာရောက်ဖူးမြော်ကုသိုလ်ပြုလေ့ရှိသောကြောင့် ပိုမိုစည်ကားခဲ့​ခြင်းဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ မြဆည်းဆာပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်သည့် စုပေါင်းပဝါရဏာပွဲ တက်ရောက် ကြည်ညို

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မြဆည်းဆာပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်သော သုဓမ္မာဂိုဏ်းဝင် “ရွှေဥသြ” ပဝါရဏာအုပ်စု သံဃာတော်များ စုပေါင်းပဝါရဏာပွဲကို ယနေ့ နေ့နံနက်ပိုင်းက မြဆည်းဆာပရိယတ္တိစာသင်တိုက် ထွန်းသာသန ရက္ခိတဓမ္မဗိမာန်တော်တွင်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၊ ယနေ့နံနက် ၅ နာရီခွဲက ဆံတော်ရှင်ကျိုက်ထီးရိုးရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

(၁၅၀) ကြိမ်မြောက် မုဒုံမြို့လုံးကျွတ် မဟာသံဃိကဆွမ်းကြီးလောင်းလှူပွဲ ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ သမိုင်းဝင် ဆံတော်ရှင်ကန်ကြီးစေတီတော်၏ (၁၅၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် မြို့လုံးကျွတ်မဟာသံဃိက ဆွမ်းကြီးလောင်းလှူပွဲကို သီတင်းကျွတ်လပြည့်နေ့ ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်က မြို့တွင်းလမ်းတစ်လျှောက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Subscribe to မွန်ပြည်နယ်