မွန်ပြည်နယ်

ပေါင်မြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်မရော၌ မွေးကင်းစမှ အသက် ၂နှစ် အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၌ မွေးကင်းစမှ အသက် ၂ နှစ် အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်က အောင်သုခရပ်ကွက်ရှိ မိခင်နှင့် ကလေးကျန်းမာရေးဆေးခန်း၌  ထိုးနှံပေးလျက်ရှိသည်။

(၃၆)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းငါးလွှတ်ပွဲ ကျင်းပ

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ပြည်နယ်/ခရိုင်/ မြို့နယ် အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက (၃၆)ကြိမ်မြောက် အထွေထွေအုပ်ချုပရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းငါးလွှတ်ပွဲကို ယနေ့နံနက် ၇ နာရီ အချိန်က မော်လမြိုင်မြို့ ဆိပ်ကမ်းသာ ဗောတံတား၌ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ အား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ကျင်းပရာ ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

မုဒုံမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ဆင်နွှဲကြသူများ၏ ရင်တွင်းစကားသံများ

နိုင်ငံအတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/သူများ စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်ရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများရရှိစေခြင်းဖြင့် အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို အောက်တိုဘာ ၃၀ မှ ၃၁ ရက်နေ့အထိ မွန်ပြည်နယ်၊ မုဒုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပေးခဲ့ပြီး အဆိုပါပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့ကြသူများ၏ ရင်တွင်းစကားသံများကို ယခုလို ဖော်ပြလိုက်ရပါသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် (၃၆) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေးပြီး စုပေါင်းမဟာဘုံကထိန်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၆) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ ပြည်နယ်အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ရှိ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ချီးမြှင့်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ကျိုက်ထိုမြို့နယ်တွင် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုများ အကောင်အထည်ဖော်ရေးလုပ်ငန်း သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုများ အကောင်အထည်ဖော်ရေးလုပ်ငန်းသင်တန်းကို အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး သန့်ရှင်းသာယာပြီး အဓွန့်ရှည်တည်တံ့နေစေရေးနှင့် လာရောက်ဖူးမြော်သူပြည်သူများ စိတ်ချမ်း‌သာမှုရှိစေရန် ဆောင်ရွက်ထားရှိမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး သန့်ရှင်းသာယာပြီး အဓွန့်ရှည်တည်တံ့နေစေရေးနှင့် လာရောက်ဖူးမြော်သူပြည်သူများ စိတ်ချမ်းသာမှုရှိစေရန်အတွက် ဆောင်ရွက်ထားရှိမှုလုပ်ငန်းများအား ယမန်နေ့ နံနက် ၉ နာရီတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် (၃၆)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းလုပ်အားဒါနပြုခြင်းများဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

(၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများစုပေါင်းကာ ယနေ့နံနက် ၇ နာရီအချိန်က မော်လမြိုင်မြို့ တောင်ရိုးတန်းလမ်းရှိ လောကသရဖူဘုရားနှင့် လောကထိပ်ခေါင်ဘုရားဝန်းအတွင်း၌အများ ပြည်သူတို့ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ရေး စုပေါင်းလုပ်အားဒါနပြု သန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်