မော်လမြိုင် နိုဝင်ဘာ ၁
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ပြည်နယ်/ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက (၃၆)ကြိမ်မြောက် အထွေထွေအုပ်ချုပရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းငါးလွှတ်ပွဲကို ယနေ့နံနက် ၇ နာရီ အချိန်က မော်လမြိုင်မြို့ ဆိပ်ကမ်းသာ ဗောတံတား၌ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးဝင်းနှင့်ဇနီး၊ ပြည်နယ်/ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၃၆) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းငါးလွှတ်ပွဲအဖြစ် ငါးမြစ်ချင်း ငါးသားပေါက် အကောင်ရေ (၁၀၀၀၀၀)ကိုသံလွင်မြစ်အတွင်းသို့ ဇီဝိတဒါန ငါးလွှတ်ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)