မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နဝဂြဟ်(ဂြိုလ် ၉ဆူ) ဘုရားကျောင်းဆောင် မဟာကုမ္ဘာဘိသျှေဂမ်(ခ) သိဒ္ဓိတင်မင်္ဂလာရေစင်သွန်းလောင်းပွဲတက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြို့ပတ်လမ်းတွင် တည်ထားကိုးကွယ်လျက်ရှိသော နဝဂြဟ်(ဂြိုလ် ၉ဆူ) ဘုရားကျောင်းဆောင် မဟာကုမ္ဘာဘိသျှေဂမ်(ခ) သိဒ္ဓိတင်မင်္ဂလာရေစင်သွန်းလောင်းပွဲတော်ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ​မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကာ ဟိန္ဒူကျောင်း ဂေါပကအဖွဲ့ဝင်များမှ ကြိုဆိုခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ကျိုက်သုတ်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်အား စေတီတော်အထွဋ်မှ ဓမ္မာရုံအတွင်းသို့ ပင့်ဆောင်ပူဇော်ပွဲ အခမ်းအနား တက်ရောက်

ကျိုက်သုတ်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်အား စေတီတော်အထွဋ်မှ ဓမ္မာရုံအတွင်းသို့ ပင့်ဆောင်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်၊ ကျိုက်သုတ်စေတီတော်မြတ်ကြီး ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အလှူရှင်များ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မော်လမြိုင်ဘူတာရပ်ဝန်း သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှုအားပေး

မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏မြို့တော်မော်လမြိုင်မြို့အား သန့်ရှင်းသာယာလှပပြီး စနစ်ကျလူနေမှုပတ်ဝန်းကျင်ကောင်းများဖြစ်လာစေရေးနှင့် ရာသီအလိုက် ပန်းအလှပင်များဖြင့် ဝေဆာစိမ်းလန်းစိုပြည်နေစေရေးအတွက် လုပ်ငန်းစီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ဘူတာရပ်ဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

သထုံမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် တာဝန်ရှိသူများ ပူးပေါင်းကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က အမှတ်(၃၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့ အ.လ.က ကျိုက်ပိ(၁) ၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျိုက်ထိုမြို့ အခြေခံပညာအလယ်တန်းကျောင်း ကျိုက်ပိ(၁)၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  လူငယ်စကားဝိုင်းကို  ယမန်နေ့ မွန်းလွဲ (၁) နာရီက ပေါင်မြို့နယ် (အ.လ.က) ပုသိမ်ကွင်းကျောင်း၌ ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း Grade-11 နှင့် Grade-12 သင်ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ် (၂) ဆင်းပွဲအခမ်းအနားတက်ရောက်

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade-11 နှင့် Grade-12 သင်ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း ယင်းမာခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း Grade-11 နှင့် Grade-12 သင်ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ်(၂)ဆင်းပွဲ အခမ်းအနားတက်ရောက်

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade-11 နှင့် Grade-12 သင်ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ်(၂)ဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်း ယင်းမာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဆရာ၊ ဆရာမများ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး အမှတ်စဉ် (၆/ ၂၀၂၄) တက်ရောက်

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ်(၆/ ၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်တွင်းထုတ်ကုန်ဦးစားပေး ဆောင်ရွက်နိုင်​ရေးအတွက် ပြည်နယ်အတွင်း ဒေသနှင့်ကိုက်ညီသင့်လျော်သည့်ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖြစ်သည့် ရာဘာလုပ်ငန်း၊ ဆားလုပ်ငန်းနှင့်ရေထွက် ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများကို ဦးစားပေးဖော်ထုတ်၍ ကာလတို၊ ကာလလတ် အစီအမံများ ချမှတ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မွန်ပြည်နယ်သည် စီးပွား​ရေးအရ အချက်အခြာကျသည့် ​နေရာတစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုဖိတ်​ခေါ်၍ ရေရှည်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ​ ဆောင်ရွက်နိုင်​ရေးကို အထူးအ​လေးထား​ဆောင်ရွက်​လျက်ရှိ​ပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများပါဝင်​သည့် စီးပွား​ရေးအ​ခြေခံကောင်းများ တည်​ဆောက်​ပြီး တစ်ဖက်ကလည်း ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာ​စေ​ရေး ​ဆောင်ရွက်ကြရန်လို​ကြောင်း၊ ​ကော်မတီအ​နေဖြင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍဖွံ့ဖြိုးတိုးတက်​စေရန်၊ ရင်းနှီးမြှုပ်နှံသူများ လုပ်သာကိုင်သာရှိ​​စေရန်၊ စီးပွားရေးအ​ခြေအ​နေ အလားလာ​​ကောင်းများရှိစေရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် လိုအပ်​ကြောင်းဖြင့် အမှာစကား​ပြောကြားသည်၊၊

ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ လူကုန်ကူးမှုအကြောင်းအသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၌ လူကုန်ကူးမှုအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်