သထုံမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

သထုံ ဒီဇင်ဘာ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် တာဝန်ရှိသူများ ပူးပေါင်းကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က အမှတ်(၃၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး(၃) ဦးသူရ‌ကျော်၊ အမှတ်(၇၈) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု (သထုံ)မှ ဒုရဲအုပ် ဖြိုးသူခိုင်တို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် သိသင့်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကိုသိရှိပြီး လိုက်နာကြစေရေး၊ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေး ဆောင်ရန်/ရှောင်ရန် အချက်များတို့ကို အကျယ်တဝင့် ရှင်းလင်းဟောပြောရာ တပ်ရောက်လာသူတို့က သိလိုသည်တို့ကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါဟောပြောပွဲတွင် အမှတ်(၃၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းမှ အရာရှိနှင့် စစ်သည်များ၊ တပ်မိသားစုဝင်များ တက်ရောက်ခဲ့ကြပြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ ဝေငှပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)