ကျိုက်မရောမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကမ္ဘာပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၅ ရက်နေ့နံနက် ၈ နာရီက ရေတွင်းကုန်း ကျေးရွာ အုပ်စုမဟာမြိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်း၌ ကျင်းပခဲ့သည်။