ချောင်းဆုံမြို့နယ်၌ သစ်တောထိန်းသိမ်းရေး ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြော
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် သဘာဝသစ်တော သစ်ပင်များ စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချနိုင်ရေး အသိပညာပေးဟောပြောပွဲကို မော်လမြိုင်(တွဲဖက်) ချောင်းဆုံမြို့နယ်သစ်တောဦးစီးဌာနမှ ဇန်နဝါရီ(၂၅)ရက်နေ့က ဒေါင်းရပ်အရှေ့ကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်၊၊