ကျိုက်မရောမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိ

ကျိုက်မရော ဇွန် ၂

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး ဇွန် ၂ ရက်၌ စတင်ဖွင့်လှစ်ပြီးဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများသက်ဆိုင်ရာ ကျောင်းအသီးသီး၌ စတင်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း ၈ ကျောင်း၊ အ.ထ.ကခွဲ ကျောင်း(၁၁)ကျောင်း အ.လ.က ကျောင်း ၈ ကျောင်း၊ အ.လ.က ခွဲကျောင်း(၁၇)ကျောင်း အ.မ.က မူလွန်ကျောင်း ၂၈ ကျောင်း၊ အ.မ.က ကျောင်း ၆၉ ကျောင်း စုစုပေါင်း (၁၄၁) ကျောင်းရှိရာ ကျောင်းများအားလုံး စတင်ဖွင့်လှစ်နိုင်ပြီး KG တန်းမှ Grade12 တန်းအထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၀၄၆၃)ဦး ကျောင်းအပ်နှံထားရှိပြီး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျိုက်မရော (ပြန်/ဆက်)