ပေါင် ဇွန် ၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ရာဂီမုန်တိုင်းမတိုင်မီကာလ မိုးစပါးပျက်စီးဆုံးရှုံးမှုအပေါ် ပြန်လည်စိုက်ပျိုးမှုအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် သွင်းအားစုဖိုးလိုအပ်ငွေ၏ (၂၅%) ပေးအပ်ချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စွာလှိုင်နှင့် ဝန်ထမ်းများ၊ စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲမြင့်၊ ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြူကြူခိုင်နှင့် မိုးစပါးရေကြီးနစ်မြှုပ်ခဲ့ပြီး ပြန်လည်စိုက်ပျိုးခဲ့သည့် ကျေးရွာ(၄)ရွာမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က နိုင်ငံတော်အနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် မိုစပါးပျက်စီးသွားပြီး ပြန်လည်စိုက်ပျိုးခဲ့သည့် ရွာ(၄)ရွာလယ်မြေဧက(၁၄၁၆) ၏ သွင်းအားစုဖိုး၏လိုအပ်ငွေ(၂၅%) တစ်ဧကလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် စိုက်ဘဏ်ချေးငွေကိုလည်း အချိန်မီ အပြေအကြေဆပ်နိုင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦီးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စွာလှိုင်က ၂၀၂၄ ခုနှစ် မိုးစပါးရေကြီးနစ်မြုပ်ခဲ့သည့် (၁၄၁၆) ဧက ပြန်လည်စိုက်ပျိုးနိုင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့မှလည်း ပေါင်မြို့နယ် အတွက်တင်း (၂၀၀)ထောက်ပံ့ပေးခဲ့ပါကြောင်း ယခုအခါမိုးစပါးပျက်စီးမှုအပေါ် ပြည်လည်စိုက်ပျိုးမှုအတွက် တစ်ဧကလျှင်သွင်းအားစုဖိုးလိုအပ်ငွေ၏ ၂၅%ဖြစ်သော ကျပ်ငါးသောင်းနှုန်းဖြင့် ဧက (၁၄၁၆)အတွက် (၇၀၈)သိန်းကို ပေါင်မြို့နယ် ကျေးရွာလေးရွာဖြစ်သည့် လက်ပံတော၊ မုတ္တမ-ကျွဲခြံ၊ နတ်မှော်၊ မှော်ဘီများသို့ ပေးအပ်ခဲ့ပါကြောင်း နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေးအတွက် တောင်သူများအနေဖြင့် သီးနှံစိုက်စွမ်းအားမြင့်မားစေရန် ပိုမိုစိုက်ပျိုးပေးကြဖို့ မှာကြားဆွေးနွေးသည်။
ထို့နောက်နတ်မှော်ကျေးရွာ တောင်သူ ဦးစောမြသောင်းမှ မွန်ပြည်နယ် အစိုးရအဖွဲ့က မျိုးစပါးများ ပေးအပ်ခြင်းနှင့် နိုင်ငံတော်က ရေကြီးနစ်မြုပ်ပျက်စီးခဲ့ပြီး ပြန်လည်စိုက်ပျိုးခဲ့သည့် လယ်မြေဧကများအတွက် တစ်ဧကလျှင် ငွေကျပ်ငါးသောင်း (၅၀၀၀ဝိ/-) ပေးအပ်ခဲ့သည့်အတွက် နိုင်ငံတော်အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)