ရေး ဇွန် ၅
ဇွန် ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲက မွန်ပြည် နယ်၊ ရေးမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ အဏ္ဏဝါရပ်ကွက်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းတွင် စုပေါင်းစိုက်ပျိုးသည်။
အခမ်းအနားတွင် ရေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းကကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပရခြင်းရည်ရွယ်ချက်၊ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သစ်တော ဦးစီးဌာနမှူးဦးစီးအရာရှိဦးရွှေနိုင်က အပင်ရှင်သန်ကြီးထွားစေရေး စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်း ပေးသည်။
ထို့နောက် သစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့ရာ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးကျော်မျိုးထိုက်၊ ရေးမြို့နယ်တပ်နယ်မှူးဗိုလ်မှူးကြီးကောင်းဇော်မြင့်၊ ရေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်အောင်၊ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲနီထွန်းနှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးရွှေနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊မြို့နယ်မိခင်နှင့်ကလေစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့ဝင်များက ကျွန်း၊ ပျဉ်းကတိုး၊မဟော်ဂနီ နှင့် မန်ဂျန်ရှား စုစုပေါင်းပျိုးပင် ၅၀၀ အားတ ပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရှင်းသန့်ဖြူ