ကျိုက်မရော ဇွန် ၅
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကမ္ဘာပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၅ ရက်နေ့နံနက် ၈ နာရီက ရေတွင်းကုန်း ကျေးရွာ အုပ်စုမဟာမြိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်း၌ ကျင်းပခဲ့သည်။
ဦးစွာ ကျိုက်မရောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးဦး၊မြို့နယ်သစ်တောဦးစီးဌာနဦးစီးအရာရှိ ဦးရဲဝင်းတို့က သစ်ပင်စိုက်ပျိုးမည့် တာဝန်ရှိသူများထံ ပျိုးပင်များပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား(၁၄၅)ဦးတို့က စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင်၁၀၀၊ မန်ဂျန်ရှား၁၅၀၊ သင်္ကန်း၅၀၊ မဟောဂနီ၂၀၀၊ အော်ရီးရှား၂၀၀ စုစုပေါင်းပျိုးပင် (၇၀၀) ပင်ကိုသတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး