သံဖြူဇရပ်မြို့နယ်တွင်​ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းဆောင်ရွက်

သံဖြူဇရပ် ​ဇွန် ၁၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား​နေ၍ ကြိုတင်ကာကွယ်နိုင်​စေ​ရေး ဖုံး၊ သွန်၊ လဲ၊ စစ် ​ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အောင်သာယာရပ်ကွက်တွင် ပြုလုပ်သည်။

ယခုအချိန်တွင် မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများ များပြား​နေ၍ ကြိုတင်ကာကွယ်နိုင်​​စေရေးအတွက် ကျန်းမာ​ရေးဦးစီးဌာနနှင့် ပြည်သူများပူးပေါင်းပါဝင်သော မြို့ပေါ်ရပ်ကွက်ရှိ ​အောင်သာယာရပ်ကွက်တွင် ရေစည်၊ ရေအိုး၊ ရေကန်အတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများပူးပေါင်း၍ တစ်အိမ်တက်ဆင်း အသိပညာ​ပေး​ ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)