ပေါင် ဇွန် ၁၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် မွန်ပြည်နယ်အစိုးရအဖွဲ့ မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ထုတ်ဝေသော ရာမညလက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများသို့သွားရောက်၍အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ကလေးအလုပ်သမား လက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်၊ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားများအား အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းများစသည့် အချက်များပါဝင်သည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးလက်ကမ်းစာစောင်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မင်္ဂလာဈေး၊ တက္ကစီဂိတ်တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)