ကျိုက်ထို ဇွန် ၁၂
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကိုဗစ် (၁၉)ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန် ဇွန် ၁၂ ရက် နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ (၂)ထပ်ဆောင်၌ ကာကွယ်ဆေးအားထိုးနှံပေးခဲ့သည်။
ယင်းသို့ထိုးနှံပေးရာသို့ တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသောသူများ၊ အကြိမ်ရေမပြည့်သေးသူများနှင့် ထပ်ဆောင်းထိုးနှံသူများအား လိုအပ်သည့်ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခွန်မောင်အိုး ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများက မေးမြန်းကာ Pfizer. JN-1(Grey Cap) ကာကွယ်ဆေးကို ထိုးနှံပေးသည်။
ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ် ဆေးအားယခုအကြိမ်တွင် လူဦးရေ(၄၃၂၀)ဦးအား ထိုးနှံပေးသွားမည် ဖြစ်ကြောင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဝင်းမောင်(ကျိုက်ထို)